ရှမ်းကိုးမီးဖဲဂိမ်း နိုင်အောင်ကစားနည်း

 

ရှမ်းကိုးမီးဖဲဂိမ်း နိုင်အောင်ကစားနည်း


မြန်မာနိုင်ငံမှာ ကစားသူအများ ဖဲဂိမ်းတွေနဲ့အွန်လိုင်း လောင်းကစားဂိမ်း တွေကဘာတွေဖြစ်မလဲအတူတူကြည့်လိုက်ကြရအောင်

ဖဲကစားနည်းကား အမျိုးမျိုးရှိသည်။ ကိုးမီး၊ ဘူကြီး တွမ်တီဝမ်း၊ ရှမ်းကိုးမီး၊ ပိုကာ၊ ရှိုး စသည်တို့မှာ အများဆုံးဆော့သော ကစားနည်းများဖြစ်သည်။ ရှမ်းကိုးမီးနှင့် ရှိုးသည်ကား အကြမ်းဆုံး၊ အလျှော်အစားအကြီးဆုံး၊ ခုသူဌေး ခုခွေးဖြစ်နိုင်သော ကစားနည်းများဖြစ်သည်။

ဖဲလိမ်ရိုက်တဲ့သူ မရှိတဲ့ ဖဲဝိုင်းများမှာတောင် သိန်းပေါင်းများစွာ ရှုံးခဲ့သော သူများရှိသည်။ သိန်းပေါင်းများစွာနိုင်ခဲ့သော သူများရှိမည်ဆိုလျှင်ပင် လောင်းကစားသမား၏ ပိုက်ဆံ အနဲဆုံး အရက်ဆိုင် ကေတီဗွီ တို့လောက်ဆီတော့ ရောက်သွားတာပေါ့နော်

စိတ်လှုပ်ရှားဖို့အကောင်းဆုံးနဲ့ သူငယ်ချင်းတွေနဲ့ ပျော်စရာအကောင်းဆုံး ရှမ်းကိုးမီးဘယ်လိုကစားမလဲ

ရှမ်းကိုးမီးဆိုတာ ကိုးမီးရယ် တွမ်တီဝမ်းရယ် ရှိုး ရယ် ပေါင်းထားတာလို့ ပြောနိုင်ပါတယ်။ ကစားပုံကတော့... ဒိုင်နဲ့ထိုးသားရှိပါတယ်.. ပထမဖဲနှစ်ချက်စီ ဝေပါတယ်။ ရှစ်ပေါက်နဲ့ကိုးပေါက်ကျရင် "ဒို"လို့ခေါ်ပြီး လှန်ပြရ ပါတယ်။ ဒိုင်လည်းဒိုရင်တော့ သူနိုင်သူစားကိုနိုင်ရင်အလျော် ရပြီးနောက်တစ်ပွဲ စရုံပါပဲ... ဒိုင်ကမဒိုဘူးဆိုရင် ဒိုတဲ့ထိုးသားကို လျော်ပြီးကျန် တဲ့သူတွေက အပွင့်နည်းရင်ဆက်ဆွဲနိုင်ပြီး ဒိုင်က လည်း ဆွဲနိုင်သလို ဖမ်းချင်တဲ့အိမ်ကို ဖမ်းလို့ရပါ တယ်။ကျန်တဲ့အိမ်ကို ဆက်ဆွဲပြီးမှ ဖမ်းလည်းရ တယ်။တွင်တီဝမ်းသဘောပါပဲ။ဒါပေမဲ့ တွမ်တီဝမ်း လိုငါးချပ်ထိဆွဲလို့တော့ မရပါဘူး။ရှုံးရှုံးနိုင်နိုင်တစ် ချပ်ပဲ ထပ်ဆွဲခွင့်ရှိပါတယ်။


ရှမ်းကိုးမီး မှာ အတိုက်မရှိပါဘူး။ရှိုးလိုပဲပါဝါယှဉ်ရ တယ်။ အပေါက်ခြင်းတူရင် တစ် ကင်း ကွင်း ဂျက် ဆယ် စသည်ဖြင့် ပါဝါတိုင်းသွားရပါတယ်။ ပါဝါခြင်းတူရင် စပိတ် ဟပ် ထောင့် ညင်းစသည်ဖြင့် အပွင့်တိုင်းရပါတယ်။ ရှမ်းကိုးမီးမှာ ဆနဲ့ကစားမယ်ဆိုရင် ဒိုင်နဲ့ထိုးသား မကစားခင်ကတည်းက ဆသတ်မှတ်ရပါတယ်။နှစ် ချပ်ဆို ဘယ်နှစ်ဆ သုံးချပ်ဆို ဘယ်နှစ်ဆ ဆိုပြီး တော့ပေါ့။ ဆဆိုတာက အပွင့်တူတာကို သတ်မှတ်တာပါ။ ဥပမာ စပိတ်နှစ်/သုံးချပ် ၊ဟပ်နှစ်/သုံးချပ် ၊ထောင့် နှစ်/သုံးချပ်မျိုးရင် သတ်မှတ်ထားတဲ့ဆနဲ့ အလျော် အစားလုပ်ရပါတယ်။
ပွင့်တူနှစ်ချပ်ကိုဆသုံးဆိုပြီး ပြောထားခဲ့ရင် ကိုယ့်ဖဲက ဒိုင်ကိုအပွင့်တူနဲ့နိုင်ရင် ဒိုင်က တစ်ထောင်ထိုးထားရရင် သုံးထောင်လျော်ရ ပြီး ဒိုင်ကဆနဲ့နိုင်ရင် ကိုယ်တစ်ထောင်ထိုးထားပေ မဲ့ ဒိုင်ကိုသုံးထောင်ပေးရပါမယ်။ အပွင့်တူဖဲသုံးချပ်ဆိုရင် အစကတည်းက ၅ဆ၊၁၅ ဆသတ်မှတ်ရင် ၅ဆ၊၁၅ဆစသည်ဖြင့် အလျော် အစားပေးရ ယူရပါတယ်။ ရှမ်းကိုးမီးမှာ ထူးခြားတာက မျိုးတူကုလားသုံး ကောင်ဟာ ဘူမဟုတ်ပါဘူး သုံးချပ်ကိုးမီးကို တောင်နိုင်ပါတယ်။ဥပမာ ကင်းသုံးလုံး ကွင်းသုံးလုံး ဂျက်သုံးလုံးစသဖြင့်ပေါ့။ အဲ မျိုးတူနှစ်ချက်ဆိုရင် တော့ ဘူပါပဲ။
သုံးချပ်ခြင်းတူရင် ပါဝါတိုင်းရုံပါပဲ။ ဒီလောက်ဆို ရှမ်းကိုးမီးရဲ့အခြေခံသဘောတရား ကို နားလည်လောက်ပြီ ထင်ပါရဲ့။ကျွမ်းကျင်ချင်ရင် တော့ ကစားကြည့်ပေါ့။ 
ရှမ်းကိုးမီးကို အွန်လိုင်းမှာကစားမယ်ဆိုရင်လဲ တော်တော်လေးပျော်ဖို့ကောင်းပြီး စိတ်လှုပ်ရှားစရာလဲကောင်းပါတယ၊မကစားခင် သေချာလေ့လာထားဖို့တော့လိုမယ်နော်ဖဲဂိမ်းထဲမှာပဲ လူကြိုက်များဆော့ကစားကြတဲ့ ဘူကြီးကလဲ မပါမဖြစ်...ဆော့ကစားကြသူတွေအများကြီးရှိပါတယ်။

No comments:

Post a Comment