ဘာ့ခရက် ဘယ်လိုကစားရမလဲ?



ဘာ့ခရက် ဆိုတာဖဲမပွတ်ရပဲနဲ့ကို အတော်လေးစိတ်လှုပ်ရှားစရာကောင်းတဲ့ ကစာနည်းတစ်ခုပါ။ သူက ကစားဖို့လေ့လာရတာလဲ လွယ်ကူသလို ကစားရတာလဲလွယ်ကူပါတယ်။ မြန်မာကစားသမားတွေ အပျော်ဆော့တဲ့ဝိုင်းတွေမှာဆို ဘေးကကြည့်သူတွေက “ဘေးထိုး” သဘောနဲ့ကြိုက်တဲ့အိမ်ကလောင်းလေ့ရှိကြတယ်မဟုတ်လား? ဘာ့ခရက် ကလဲဒီသဘောပါပဲ။ ကစားပွဲတစ်ခုမှာ Player ရယ် ဒိုင်ရယ်ရှိမယ်။ ကစားပွဲတိုင်းမှာ “ Player အနိုင် “ ၊ “ Banker အနိုင် “ ၊ “သရေ” ဆိုပြီးဖြစ်နိုင်ချေ ၃ခုရှိပါတယ်။ ဒီမှာသတိထားရမှာက Player ရော Banker ရောကို ကစားဝိုင်းကိုင်သူက ထိန်းချုပ်ရတာပါ။ ပါဝင်သူတွေက Player ဘက်ကလောင်းမလား? ဒိုင်ဘက်ကလောင်းမလား? သရေကျမယ်ဆိုပြီးလောင်းမလား ဆိုတဲ့သဘောနဲ့ ဘေးထိုးသဘောမျိုး ဖဲမကိုင်ပဲလောင်းကြေးထပ်ရတာပါ။

ကိုယ့်အနေနဲ့ Banker ရော Player ဘက်ရော ကြိုက်တဲ့တစ်အိမ်လောင်းလို့ရတယ်ဆိုတာသိပါ။

တခြားဖဲကစားနည်းတွေနဲ့ဆိုရင် ကိုယ်က Player ဖြစ်တဲ့အတွက် ကိုယ်နိုင်ဖို့ကိုပဲအာရုံစိုက်ရတယ်။
ဒီမှာတော့အဲ့လိုမဟုတ်ပါဘူး။ ကိုယ်က ၂အိမ်လုံးရဲ့အခြေအနေကိုကြည့်တက်ရပါတယ်။ ဘယ်အိမ်က ဘယ်နပွဲနိုင်ထားတယ်၊ နောက်ပွဲတော့ဘယ်အိမ်နိုင်လောက်မယ်ဆိုတာကို ခန့်မှန်းပြီး Baker ၊ Player ကြိုက်တဲ့တစ်အိမ်ဘက်ကလောင်းခွင့်ရှိပါတယ်။ ဒါမှမဟုတ်လို့ ဝေခွဲမရဖြစ်နေရင်လဲ ၂အိမ်လုံးဘက်ကလောင်းလို့ရပါတယ်! လောင်းကြေးတော့မတူစေနဲ့ပေါ့၊ တကယ်လို့ Player ဖြစ်ဖြစ် Banker ဖြစ်ဖြစ်နိုင်သွားမယ်ဆိုရင် ကိုယ်က အရင်းပြန်ရနိုင်ပေမယ့် သရေကျသွားရင်တော့ ၂အိမ်လုံးလောင်းကြေးကိုရှုံးရမှာနော်။ ပွဲတစ်ပွဲအတွက် လောင်းကြေးတွေကိုတော့ ကဒ်တွေမဝေခင်မှာပဲ တင်ခွင့်ရှိတာပါ။

ကဒ်တွေကိုဘယ်လိုဝေတယ်ဆိုတာနားလည်ထားပါ

လောင်းကြေးတွေတင်ပြီးသွားလို့ပွဲစတော့မယ်ဆိုရင် Player ရော Banker ရောကို ကဒ် ၂ကဒ်စီဝေပါတယ်။ ဝိုင်းကိုကိုင်တဲ့သူက Player ဘက်ကိုတစ်ကဒ်အရင်ဝေပါတယ်။ ပြီးတော့မှ Banker ဘက်ကိုတစ်ကဒ်၊ Player တစ်ကဒ် နဲ့အစဉ်လိုက်ဝေပြီးတော့ ကဒ်တွေအကုန်လုံးကိုလှန်ပြီးဝေရပါတယ်။ အဲ့တော့ပွဲစစခြင်းမှာတော့ Player ရော Banker ရော ၂ကဒ်စီရှိနေမှာပါ။

ကဒ်တွေရဲ့တန်ဖိုး

● နံပါတ်ကဒ်တွေအားလုံးကတော့ သူတို့နံပါတ်အတိုင်းတန်ဖိုးရှိပါတယ်
● 10 နဲ့ K,Q,J ကဒ်တွေက 10 တန်ဖိုးရှိပါတယ်
● Ace (A) ကဒ်ကို 1 တန်ဖိုးလို့သတ်မှတ်ပါတယ်
● ရှမ်းကိုးမီး သဘောအတိုင်းပဲ ကဒ်တွေပေါင်းလို့ 9 ထက်ကျော်သွားမယ်ဆိုရင် နောက်ကိန်းတန်ဖိုးကိုပဲယူရမှာဖြစ်ပါတယ်။
● အနိုင်ရဖို့အတွက် 9 နဲ့ပိုပြီးနီးစပ်ရမှာဖြစ်ပါတယ်


“Natural Win” ဆိုတာဘာလဲ?

Natural Win ဆိုတာတော့ ရှမ်းကိုးမီး မှာဆို “ဒို” လို့ခေါ်မှာပါ။ ပထမဆုံးဝေတဲ့ ၂ကဒ်ပေါင်းချင်းက 8 (သို့) 9 ဖြစ်နေမယ်ဆိုရင် natural win လို့သတ်မှတ်ပြီး ကစားပွဲကပြီးဆုံးသွားပါပြီ။ Player ရော Banker ရောနှစ်ဖက်လုံး Natural Win ချင်းတူနေမယ်ဆိုရင်တော့ ပိုကြီးတဲ့ နံပါတ်ကအနိုင်ရမှာဖြစ်ပြီး နံပါတ်ပါတူနေရင်တော့ သရေသတ်မှတ်ပါတယ်။

နောက်တစ်ချပ် ဘယ်အချိန်မှာထပ်ဆွဲလဲ?

တစ်အိမ်အိမ်ကသာ Natural Win ရနေခဲ့မယ်ဆိုရင်တော့ ထပ်ဆွဲစရာမလိုတော့ပဲ ကစားပွဲကပြီးသွားမှာဖြစ်ပါတယ်။ အဲ့လိုမဟုတ်ပဲ Player ဘက်မှာ 0 – 5 ဖြစ်နေမယ်ဆိုရင်တော့ တစ်ကဒ်ထပ်ဆွဲပါတယ်။ 6 – 7 ရှိနေမယ်ဆိုရင်တော့ မဆွဲပဲရပ်ပါတယ်။
Player အတွက်ကတော့ ထပ်ဆွဲဖို့အတွက် စည်းမျဉ်းရိုးရှင်းပေမယ့် နောက်ဆုံးမှဆွဲရတဲ့ Banker ကတော့ ကြည့်ရတဲ့အချက်တွေရှိပါတယ် အကယ်၍ Banker က-
● 8 (သို့) 9 ဆိုရင်တော့ Natural Win ဖြစ်တဲ့အတွက်ဆွဲစရာမလိုပါ
● 2 (သို့) 2 ထပ်နည်းမယ်ဆိုရင်တော့ Player ရဲ့တတိယကဒ် ဘာပဲဖြစ်ဖြစ် ထပ်ဆွဲကိုဆွဲရပါတယ်
● 3 ဖြစ်နေပြီး Player ရဲ့တတိယကဒ်က 8 မဖြစ်ဘူးဆိုရင် တစ်ကဒ်ထပ်ဆွဲရပါတယ်
● 4 ဖြစ်နေပြီး Player ရဲ့တတိယကဒ်က 0, 1, 8, 9 မဖြစ်နေရင် တစ်ကဒ်ထပ်ဆွဲရပါတယ်
● 5 ဖြစ်နေပြီး Player ရဲ့ တတိယကဒ်က 4, 5, 6, 7 ဖြစ်နေခဲ့မယ်ဆိုရင် တစ်ကဒ်ထပ်ဆွဲရပါတယ်
● 6 ဖြစ်နေပြီး Player ရဲ့ တတိယကဒ်က 6, 7 ဖြစ်နေခဲ့မယ်ဆိုရင် တစ်ကဒ်ထပ်ဆွဲရပါတယ်
● 7 ဖြစ်နေရင်တော့ မဆွဲပဲရပ်ရပါတယ်
ဒါတွေကိုလဲ သိထားရုံနဲ့ပဲလုံလောက်ပါတယ် ဝိုင်းကိုင်သူက ဒီစည်းမျဉ်းတွေနဲ့အညီ ဆွဲသင့်ရင်ဆွဲ ရပ်သင့်ရင်ရင် Auto လုပ်ပေးသွားမှာမို့ပါ။

စတဲ့အချက်တွေကြောင့်အပြင်ဝိုင်းတွေမှာသာဆော့ရင်စည်းမျဉ်းအကြောင်းငြင်းခုန်စရာတွေ၊ ၀ိုင်းကိုင်သူရဲ့ အမှားတွေရှိနိုင်တာကြောင့် ကစားသူဘက်ကဆုံးရှုံးနိုင်ပါတယ်။ သေသေချာချာစနစ်နဲ့တွက်ချက်ထားတဲ့ Baccarat ကစားနည်းကို နိုင်ငံအနှံ့ကတခြားကစားသူတွေနဲ့သာကစားချင်တယ်ဆိုရင်တော့ ယုံကြည်စိတ်ချရတဲ့ Online Casino တစ်ခုဖြစ်တဲ့ venus1688 မှာဆော့ဖို့အကြံပေးချင်ပါတယ်။
ဖုန်းနဲ့လဲကစားနိုင်သလို Computer မှာဆိုရင်လဲ Browser ထဲကပဲကစားနိုင်တာကြောင့် အရမ်းကိုပေါ့ပေါ့ပါးပါးနဲ့ လွယ်ကူစွာဆော့ကစားနိုင်မှာပါ။

No comments:

Post a Comment